Dr. Aung Min
Co-Founder of Aung MHI
Aung Min, born 1964 in Yangon, represents one of most complex personalities of recent Yangon art scene. Graduated from Institute of Medicine 1, Yangon in 1990 and served as a medical doctor u until 2018; first in Irrawaddy delta region and later in Yangon. In 1999, he published his first novel ‘Dreadful Night’ and ‘I Came to this Small Town with a Duty’ in 2004. Myanmar Contemporary Art part 1 was published in 2010. He was introduced to filmmaking and script writing in 2007 when FAMU (Academy of performing Arts in Prague) held a workshop in Yangon and taking couses in Yangon Film School. His first documentary ‘The Clinic’ came out in 2010 which is based on his life as a medical practitioner working in outskirts of Yangon. In 2012, he developed the script for the ‘The Monk (2014)’ which was premiered at Karlovy Vary International Film Festival in 2014. Aung Min also established the independent film group TEN MEN in 2013 and produced a total of short and documentaries.
In 2014, Aung Min transformed his clinic into an art therapy space for people with severe mental health disorders and became the co-founder of Aung MHI alongside Dr. San San Oo. Now Aung MHI (Mental Health Initiative) operates as a space for painting, community kitchen, art therapy and other activities.
ဒေါက်တာအောင်မင်း
Aung MHI တွဲဖက်တည်ထောင်သူ
၁၉၆၄ ခုနှစ် ရန်ကုန်မြို့၌မွေးဖွားခဲ့သော ဦးအောင်မင်းသည် ရန်ကုန်အနုပညာမြင်ကွင်း၏ အရှုပ်ထွေးဆုံးကိုယ်ရည်ကိုယ်သွေးများကို ကိုယ်စားပြုသူဖြစ်သည်။
၁၉၉၀ တွင် ရန်ကုန်ဆေးတက္ကသိုလ် ၁ မှဘွဲ့ရရှိခဲ့ပြီး ၂၀၁၈ အထိဆေးကုဆရာဝန်အဖြစ်လုပ်ဆောင်ခဲ့သည် အစောပိုင်းတွင် ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသနှင့် နောက်ပိုင်းတွင် ရန်ကုန်မြို့၌ဖြစ်သည်။ ၁၉၉၉ တွင် သူ၏ပထမဆုံးဝတ္တု ‘ညဆိုး’ နှင့် ၂၀၀၄ ခုနှစ်တွင် ‘ကျွန်တော်ဒီမြို့ကလေးဆီကို တာဝန်တစ်ခုနဲ့ ရောက်လာတာပါ’ နှင့် မြန်မာခေတ်ပြိုင်အနုပညာ အပိုင်း ၁ ကို ၂၀၁၀ ခုနှစ်တွင်ထုတဝေခဲ့သည်။ ရုပ်ရှင်ရိုက်ကူးခြင်းနှင့် ဇာတ်ညွှန်းရေးခြင်းကို ၂၀၀၇ ခုနှစ်တွင် FAMU (Academy of Performing Arts in Prague) မှ ရန်ကုန်မြို့တွင်ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲများမှာ သင်ယူခဲ့ပါသည်။ YFS (Yangon Film School) တွင် သင်တန်းတက်ခဲ့သည်။ သူ၏ပထမဆုံးမှတ်တမ်းရုပ်ရှင် ‘The Clinic’ သည် ရန်ကုန်အစွန်အဖျားတွင် အလုပ်လုပ်နေသော ဆရာဝန်ဘဝကိုအခြေခံကာ ၂၀၁၀ ခုနှစ်တွင် ထွက်ရှိခဲ့သည်။ ၂၀၁၄ ခုနှစ်တွင် Karlovy Vary International Film Festival ၌ပြသခဲ့သော The Monk (2014) အတွက် ဇာတ်ညွှန်းရေးသားခဲ့သူဖြစ်သည်။ လွတ်လပ်သောရုပ်ရှင်အဖွဲ့ Ten Men ကို ၂၀၁၃ တွင် တည်ထောင်ခဲ့ပြီး မှတ်တမ်းရုပ်ရှင်ကားတိုများကို ထုတ်လုပ်ခဲ့သည်။
၂၀၁၄ ခုနှစ်တွင် ဦးအောင်မင်းသည် ၎င်း၏ဆေးခန်းအား စိတ်ကျန်းမာရေးချို့ယွင်းသူများအတွက် အနုပညာကုထုံးပေးအခန်းအဖြစ် ပြောင်းလဲခဲ့ပြီး Aung MHI ကို ဒေါက်တာစန်းစန်းဦး နှင့်အတူ ပူးတွဲတည်ထောင်ခဲ့သည်။ ယခု Aung MHI သည် ပန်းချီ၊ ရပ်ရွာမီးဖိုချောင်၊ ပန်းချီကုထုံးနှင့် အခြားလှုပ်ရှားမှုများအတွက် နေရာတစ်ခုအဖြစ် လုပ်ဆောင်နေပါသည်။
Recent Comments